Up next

စစ်ဖြစ်နေတဲ့အချိန် နိုင်ငံရေးဆိုတာ မရှိဘူး - BBC News မြန်မာ

0 Views· 02/15/24
wisdom
wisdom
3 Subscribers
3

'' မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်'' ဆိုတဲ့ နာမည်နဲ့ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ စစ်ရေး၊ နိုင်ငံရေး သုံးသပ်ချက်တွေရေးသလို မြန်မာ့နိုင်ငံရေးနဲ့တော်လှန်ရေးအခြေအနေတွေကို လေ့လာသုတေသနပြုနေတဲ့ ကမာရွတ်မီဒီယာကိုတည်ထောင်ခဲ့သူ သတင်းအယ်ဒီတာတစ်ဦးဖြစ်တဲ့ ကိုနေသန်မောင်နဲ့ အာဏာသိမ်း ၃ နှစ်အတွင်း စစ်ရေး၊ နိုင်ငံရေးအခြေအနေသုံးသပ်ချက်ကို ဘီဘီစီက မေးမြန်းထားပါတယ်။

ကိုနေသန်မောင်ဟာ ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် က ရန်ကုန်မြို့ လှည်းတန်းမှာရှိတဲ့ ကမာရွတ်မီဒီယာ ရုံးခန်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စစ်ကြောရေးနဲ့ ထောင်တွင်းမှာဖြတ်သန်းခဲ့ရသူဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားဖြစ်တဲ့သူ့ကို စစ်ကောင်စီက ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က အမှုဖွင့်တရားစွဲဆိုခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇွန် ၁၄ ရက်မှာတော့ အမှုကနေ ရုပ်သိမ်းကာအင်းစိန်ထောင်ကနေပြန်လွှတ်ပြီး အမေရိကန်နိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။

အာဏာသိမ်းစကနေ လက်ရှိ ၃ နှစ်အတွင်း မြန်မာနိုင်ငံတွင်းမှာ တော်လှန်ရေးအင်အားစုတွေရဲ့ တော်လှန်ရေးရေချိန်ပြောင်းလဲမှုတွေနဲ့ ရှေ့ဆက်ဖြစ်လာနိုင်တဲ့ အနာဂတ်ပြည်ထောင်စုပုံစံတွေအကြောင်း၊ ကိုနေသန်မောင် သုံးသပ်ပြောကြားထားတာကို ဒီရုပ်သံအင်တာဗျူးမှာကြည့်ရှုနိုင်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #တော်လှန်ရေး #မြန်မာ့နိုင်ငံရေး #နေသန်မောင် #အာဏာသိမ်း #အင်းစိန်ထောင် #ကမာရွတ်မီဒီယာ
#ထောင်တွင်းဖြတ်သန်းမှု

Show more

 0 Comments sort   Sort By


Facebook Comments

Up next