Up next

စစ်မှုထမ်းဥပဒေအပေါ် ဒေါက်တာ မီမီဝင်းဘတ် သုံးသပ်ချက် - BBC News မြန်မာ

0 Views· 02/15/24
wisdom
wisdom
3 Subscribers
3

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ပြီးခဲ့တဲ့ရက်မှာ စတင်အာဏာတည်တယ်လို့ကြေညာပြီး အသက်သွင်းခဲ့ပါတယ်။
နိုင်ငံရေး၊စစ်ရေးမျက်နှာပေါင်းများစွာနဲ့ ရင်ဆိုင်နေရတဲ့ စစ်တပ်ကသူ့ရဲ့ အင်အားလျော့လာချိန်မှာ ဒီဥပဒေကိုအကောင်အထည်‌ဖော်လာတယ်လို့ ပြောဆိုမှုတွေရှိပါတယ်။ နိုင်ငံတဝန်းစစ်ရေး ရေချိန်မြင့်နေချိန် ဒီဥပဒေကိုစစ်ကောင်စီအသက်သွင်းလာတာက နိုင်ငံနဲ့လူထု ဘယ်လိုအခြေဆိုက်နိုင်သလဲဆိုတာကို အမေရိကန်တပ်မတော်ရဲ့ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးဖြစ်သူ၊ လက်ရှိ ဟာဝိုင်ယီပြည်နယ် အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာရေးဌာနရဲ့ ပါမောက္ခဖြစ်သူ ဒေါက်တာမီမီဝင်းဘတ်နဲ့ ဘီဘီစီကဆက်သွယ်မေးမြန်းထားပြီး သူ့ရဲ့သီးသန့်ပုဂ္ဂလိကအမြင်ကိုဖြေကြားထားတာကို ဒီရုပ်သံမှာကြည့်ရှုနိုင်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #စစ်မှုထမ်းဥပဒေ #ဒေါက်တာမီမီဝင်းဘတ် #စစ်ကောင်စီ

Show more

 0 Comments sort   Sort By


Facebook Comments

Up next