Up next

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဘီဘီစီ သီးသန့်မေးမြန်းခန်း ဒုတိယပိုင်း - BBC News မြန်မာ

0 Views· 02/15/24
wisdom
wisdom
3 Subscribers
3

ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဘီဘီစီ သီးသန့်မေးမြန်းခန်း ဒုတိယပိုင်းကို ကြည့်ရှုနိုင်ပါပြီ။ ဒီအပိုင်းမှာတော့ တရုတ်နဲ့ အိန္ဒိယတို့လို အိမ်နီးချင်း နိုင်ငံကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်းရှိ၊ ကမ်းလွန် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့က အစ ပင်လယ်ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းတွေ၊ ငါးဖမ်းလုပ်ငန်း ခရီးသွားလုပ်ငန်းတွေ စသဖြင့် အင်မတန် အလားအလာကောင်းတဲ့ ရခိုင်ကို စီမံခန့်ခွဲဖို့ရာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA၊ ရခိုင့်တပ်တော် အေအေ က ဘယ်လို စွမ်းရည်မျိုးတွေ ဖြည့်ဆည်းထားလဲ၊ နိုင်ငံတကာရဲ့ မြန်မာ့အရေး အဓိက စိုးရိမ်မှု တစ်ရပ် ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ အရေး အပါအဝင် ရိုဟင်ဂျာ အကျပ်အတည်းနဲ့ ပတ်သက်လို့ ဘယ်လို မူဝါဒ ရှိလဲ ... ၊ မူးယစ်ဆေးဝါးကအစ တရားမဝင် စီးပွားရေးတွေနဲ့ မပတ်သက်ပဲ သန့်ရှင်းတဲ့ တော်လှန်ရေး ဆင်နွှဲနေကြောင်း ဘယ်လောက် အာမခံနိုင်လဲ၊ စစ်ဒဏ်ခံနေရတဲ့ ရခိုင်ပြည်သူတွေ အပါအဝင် မြန်မာပြည်သူတစ်ရပ်လုံးကို တော်လှန်ရေး လောကဓံ ကြောင်း ဘယ်လို အမှာပါးချင်လဲ ... အနာဂတ်ရခိုင်ကို ဘယ်လို ဘယ်ပုံ ထုဆစ်ပုံဖော်မယ်ဆိုတဲ့ ရှေ့ရေး အမြော်အမြင်က ဘာလဲ စတာတွေ အပေါ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကျယ်ကျယ်ပြန့်ပြန့် ဖြေဆိုထားပါတယ်။ ဘီဘီစီသတင်းထောက် ကိုဝေဖြိုး မေးမြန်း တင်ဆက်ထားပါတယ်။ #ဗိုလ်ချုပ်ထွန်းမြတ်နိုင် #ရက္ခိုင့်တပ်တော် #ဘီဘီစီမြန်မာပိုင်း

Show more

 0 Comments sort   Sort By


Facebook Comments

Up next