Up next

ရခိုင်ကို ထိန်းချုပ်ရေး AA ရဲ့ ရက္ခိတအိပ်မက် ပြည့်မြောက်လာတော့မလား - BBC News မြန်မာ

0 Views· 02/15/24
wisdom
wisdom
3 Subscribers
3

ရခိုင်ကို ထိန်းချုပ်ရေး AA ရဲ့ ရက္ခိတအိပ်မက် ပြည့်မြောက်လာတော့မလား

ပလက်ဝကို စစ်ကောင်စီ ကင်းစင်နယ် အဖြစ် ပြုလုပ် သွားမယ် ဆိုပြီး မဟာမိတ် ညီနောင် ၃ ဖွဲ့က ပြောခဲ့ပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ၊ ရခိုင်တပ် အေအေက တကယ်လည်း လက်တွေ့အရ ပလက်ဝ တစ်နယ်လုံးကို ထိန်းချုပ်လိုက်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့ဆက်စပ်ပြီး အေအေ က နိုဝင်ဘာ လလည်ပိုင်းက စလို့ ရခိုင်ထဲ တိုက်ပွဲ ဖော်လာခဲ့သလို၊ ပလက်ဝကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်လာတာမှာ တကျော့ပြန်တိုက်ပွဲ ရက်ပေါင်း ၆၀ ကျော် အကြာမှာတော့ အေအေ က အခုလို ပလက်ဝမြို့ အပါအဝင် ဝန်းကျင်ဒေသ တခွင်ကို ထိန်းချုပ် သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကလည်း အင်အား အခိုင်အမာ တပ်စွဲထားတဲ့ အဲဒီ ဒေသမှာ ရှမ်းမြောက် တခွင် တွေ့မြင်ခဲ့ရသလိုပဲ စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ စစ်ဗျူဟာမှူးတစ်ဦးကို အေအေက ဖမ်းဆီးနိုင်ခဲ့ပြီး၊ ရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့တွေက အလံဖြူထောင် လက်နက်ချခဲ့ကြတာဖြစ်တယ်လို့ သိထားရပါတယ်။

ပလက်ဝ တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ရာဂဏန်းတချို့လည်း အိန္ဒိယ ဘက်ခြမ်းထဲထိ ဝင်ပြေးခဲ့ကြတာမှာ၊ အဲဒီလို မြန်မာစစ်သားတွေ ရာနဲ့ချီပြီး ရောက်လာကြတဲ့ သတင်းဟာ အခု အချိန်အထိ အိန္ဒိယ မီဒီယာတွေထက် လွှမ်းမိုး နေဆဲ ဖြစ်ပါတယ်။

အခုသီတင်းပတ်မှာတော့ ပလက်ဝဟာ အေအေအတွက် ဘယ်လောက် ဗျူဟာမြောက် အရေးပါတဲ့ အတွက် ပထမဆုံး သိမ်းပိုက်လိုက်တဲ့ မြို့ ဖြစ်ရတာလဲ ... မြန်မာအစိုးရတွေ လက်ထက် နယ်မြေဒေသ ပိုင်းခြားမှုအရ ချင်းပြည်နယ်ထဲ ပါဝင်တဲ့ ပလက်ဝကို အေအေ သိမ်းပိုက်လိုက်တဲ့အခါ အေအေနဲ့ ချင်း အင်အားစုတွေကြား ထိပ်တိုက်တွေ့မှု၊ ပွတ်တိုက်မှုတွေ ဖြစ်လာမလား၊ အေအေရဲ့ ရက္ခိတ လမ်းစဥ် ... ကွန်ဖယ်ဒရိတ် အဆင့်အတန်း ရည်မှန်းချက် ဒီတချီ တိုက်ပွဲတွေ ကနေ တပါတည်း ပြည့်မှီအောင် ဖော်ဆောင် နိုင်တော့မလား ... စတာာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီတစ်ပတ်မှာ ပါဝင် ဆွေးနွေးကြသူတွေကတော့ နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရး အဖွဲ့ HRW နဲ့ အာရှ ဖောင်ဒေးရှင်းတို့မှာ အဆင့်မြင့် တာဝန်တွေ ယူခဲ့ပြီး၊ မြန်မာ့အရေးကို ဆယ်စုနှစ် အဆက်ဆက် အနီးကပ် စောင့်ကြည့် လေ့လာနေတဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ် မက်သီဆန်နဲ့၊ နိုင်ငံတကာ စာနယ်ဇင်းဆိုင်ရာ ဆုတွေ ရရှိထားပြီး ၊ လက်ရှိ အမေရိကန် ဟာဝိုင်အီ တက္ကသိုလ်၊ အာရှလေ့လာရေး ဌာနမှာ ပညာသင်ယူနေတဲ့ မြန်မာ့နိုင်ငံရေး သုံးသပ်သူ ကိုကျေော်ဆန်းလှိုင်တို့ ဖြစ်ပါတယ်။

ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ် တင်ဆက်ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

Show more

 0 Comments sort   Sort By


Facebook Comments

Up next