Up next

၁၀၂၇ စစ်ဆင်ရေးတွေဟာ ရှမ်းမြေပုံသစ်၊ မြန်မာမြေပုံသစ်တွေ ဖြစ်လာစေနိုင်လား- BBC News မြန်မာ

0 Views· 02/15/24
wisdom
wisdom
3 Subscribers
3

တရုတ်ရဲ့ ကြားဝင်မှုနဲ့ မဟာမိတ် ညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီကြား ယာယီ အပစ်ရပ် သဘောတူမှု ယူခဲ့တယ် ဆိုပေမယ့် တကယ်တမ်း အသက်ဝင်မလာပါဘူး။ ဒီ ရက်ပိုင်းတွေကပဲ ရှမ်းမြောက်ပိုင်း မိုးမိတ်နဲ့ မန္တလေးတိုင်း မိုးကုတ်ကြားက နေရာတွေမှာ တအာင်းတပ် TNLA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ရှိခဲ့ပါတယ်။ မိုးမိတ်၊ ကျောက်မဲ၊ မိုးကုတ်၊ နမ့်ခမ်းနဲ့ လားရှိုးမြို့နယ်တွေထဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်တာတွေ၊ လေကြောင်းတိုက်တာတွေ ဆက်လက် ဖြစ်နေခဲ့တယ် ဆိုတဲ့ မြေပြင် သတင်းတွေ ရထားပါတယ်။ အခုဆိုရင် ရှမ်းပြည်နယ် တောင်ပိုင်း နေရာတချို့မှာပါ မြို့သိမ်းတိုက်ပွဲ ပုံစံတွေ ပေါ်ပေါက်လာပါတယ်။

ဒီသတင်းပတ်မှာတော့ ရှမ်းပြည်နယ်ထဲ ပေါ်ပေါက်လာတဲ့ တိုက်ပွဲတွေ အပေါ် ရှမ်းလူမျိုးတွေ၊ ရှမ်း အင်အားစုတွေဘက်က ဘယ်လို သဘောထားမျိုးတွေ ရှိလဲ ဆိုတာကို ဆန်းစစ်ရင်းမှာပဲ .... အခု စစ်ရေး အခြေအနေတွေကနေ တဆင့် ရှမ်းပြည်နယ်ရဲ့ ဖွဲ့စည်းတည်ရှိပုံ၊ နယ်မြေပိုင်းခြားပုံံတွေ ပြောင်းလဲသွားမယ့်ဆီ ဦးတည်နေလား ...

တခါ ... အာဏာသိမ်းမှု၊ စစ်တပ်ရဲ့ နိုင်ငံရေးထဲ ပါဝင်မှုတွေ အပေါ် ခေတ်အဆက်ဆက် စစ်တပ်ရဲ့ အဓိက အကြောင်းပြချက် တစ်ရပ် ဖြစ်တဲ့ ပြည်ထောင်စု မပြိုကွဲရအောင် ဆိုတဲ့ စကားအတိုင်း အခု လက်ရှိ အာဏာသိမ်း စစ်တပ်ရဲ့ စစ်ရေး အခြေအနေမလှ ဖြစ်နေရတာတွေဟာ တကယ်ပဲ တိုင်းပြည်ရဲ့ နယ်မြေဒေသတွေ အစိတ်စိတ်အမွှာမွှာ ဖြစ်မယ့် ဆီကို ဦးတည်နေလား ... စတာတွေ အပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားဖို့ ရှိပါတယ်။

ဒီတစ်ပတ် ပါဝင် ဆွေးနွေးကြသူတွေကတော့ ... ရှမ်းနိုင်ငံရေးထဲ နှစ်ပေါင်းများစွာ တက်ကြွ လှုပ်ရှားခဲ့ပြီး၊ လက်ရှိမှာလည်း ရှမ်းနိုင်ငံရေး အကြောင်း နိုင်ငံတကာ မျက်နှာစာမှာ ဆန်းစစ်သုံးသပ်ချက်တွေ ရေးသားနေတဲ့ စိုင်းဝမ်စိုင်း နဲ့ လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး နိုင်ငံတကာအဖွဲ့ HRW နဲ့ အာရှ ဖောင်ဒေးရှင်းတို့မှာ အဆင့်မြင့်တာဝန်တွေယူခဲ့ပြီး၊ မြန်မာ့နိုင်ငံရေးကို ဆယ်စုနှစ်ကျော် အနီးကပ် စောင့်ကြည့်လေ့လာနေတဲ့ မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူ ဒေးဗစ်မက်သီဆန်တို့ ဖြစ်ပါတယ်။

ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ် တင်ဆက်ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

Show more

 0 Comments sort   Sort By


Facebook Comments

Up next